သတင်းများ

အ.ထ.က (ရွှေတောင်) ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ရွှေတောင်)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
နွားထိုးကြီးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 13,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မြေကွပ်လပ်တွင် သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့်၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက် ပွဲတော်ကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ မြစိမ်းရောင်စီမံကိန်းကြောင့် လူမှုစီးပွားဖွံ့ဖြိုး
Jul 13,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက်  ကျေးလက်ဒေသဖွံဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကစတင်၍ မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းဝင်ကျေးရွာများမှ ဒေသခံများလူမှုစီပွားဘဝအဆင်ပြေဖွံ့ဖြိုးလာကြောင်း သိရသည်။
လမ်းပိတ်ဆို့လဲကျနေသည့် တမာပင်ကို ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်း
Jul 13,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးမြို့မီးသတ်စခန်း၏ အရှေ့ဘက်နှစ်ဖာလုံခန့်အကွာ ဇူလိုင် ၈ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က တမာပင်လဲ၍ လမ်းပိတ်ဆို့ခြင်း၊ ခိုင်ဝါလက်ဘက်ရည်ဆိုင်ပေါ်သို့ပိနေသည့်တမာပင်အား ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင် မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများ၌ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဒုတိယအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
Jul 13,2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ဌာနဆိုင်ရာများ၊ အလှူရှင်များမှလှူဒါန်းသည့် ဒုတိယအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီ ရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jul 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မွန်မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Jul 13,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်  ဥတ္တရသီရိမြို့နယ်၊ အမှတ် ၁၂ အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။