လမ်းပိတ်ဆို့လဲကျနေသည့် တမာပင်ကို ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်း

ညောင်ဦး ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးမြို့မီးသတ်စခန်း၏ အရှေ့ဘက်နှစ်ဖာလုံခန့်အကွာ ဇူလိုင် ၈ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က တမာပင်လဲ၍ လမ်းပိတ်ဆို့ခြင်း၊ ခိုင်ဝါလက်ဘက်ရည်ဆိုင်ပေါ်သို့ပိနေသည့်တမာပင်အား ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတမာပင်သည် ညောင်ဦးမြို့အမှတ်(၂)ပန်းပဲကုန်းရပ်ကွက် ခိုင်ဝါလက်ဘက်ရည်ဆိုင်အနီးတွင် နှစ်သက်တမ်း(၅၀)ခန့်၊ ပင်စည်လုံးပတ်(၃)ပေပတ်လည်ခန့်၊ အမြင့်(၃၀)ပေခန့်ရှိ တမာပင်သည် အပေါ်ဝိတ်များ၍ လဲကျကာလူသွားလမ်းမကြီးနှင့် ခိုင်ဝါလက်ဘက်ရည်ဆိုင်ပေါ်အနည်းငယ်ပိနေခြင်း၊ အမှတ်(၂)ရပ်ကွက်အတွင်းသွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းပေါ်သို့ လဲကျပိနေသဖြင့် စခန်းတာဝန်ခံဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းဦးဆောင်သာ မီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ အထောက်အကူပြုယာဉ်တစ်စီး၊ အမှတ်(၅)အရန်မီးသတ်မှ တပ်ဖွဲ့ဝင်(၅)ဦး၊ လူမှုကူညီရေးယာဉ်တစ်စီးတို့ဖြင့် ကူညီရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ခိုင်ဝါလက်ဘက်ရည်ဆိုင်မှ (၁၂)ပေသွပ်(၂)ချပ်ပျက်စီးခြင်း၊ လျှပ်စစ်ဓာတ်တိုင်(၁)တိုင်လဲကျပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး လူ/ယာဉ်/တိရစ္ဆာန်နှင့်အခြားပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ဒီပါလင်း