နွားထိုးကြီးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ

နွားထိုးကြီး ဇူလိုင် ၁၃

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မြေကွပ်လပ်တွင် သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့်၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက် ပွဲတော်ကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါမိုးရာသီသစ်ပင်စိုက်ပွဲသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊အမျိုးသမီးရေးရာအဖွဲ့တို့ဖြင့် စုစုပေါင်း အင်အား (၉၀) ဦးတက်ရောက်၍ ယူကလစ် (၅၀)ပင်၊ တမာ (၅၀)ပင်၊ မယ်ဇလီ (၅၀)ပင်၊ ကုက္ကို (၂၅)ပင်၊ ယင်းမာ(၂၅)ပင် စုစုပေါင်း (၂၀၀)ပင်အား စိုက်ပျိုးကြကြောင်း သိရသည်။

သန်းအောင်ဇော်