အ.ထ.က (ရွှေတောင်) ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရွှေတောင် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ရွှေတောင်)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ် (၃၇)၊ မူးယစ်တပ်ဖွဲ့စု ပြည်မြို့မှ ရဲမှူးမျိုးမင်းက ကျောင်းသား၊ ကျောင်းသူလေးများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပြီး ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးက မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေးအကြောင်းကို ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား ၊ကျောင်းသူ (၄၂၀) ဦးခန့် တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက် ပြန်လည်မေးမြန်းခဲ့ကြပြီး အ.ထ.က( ရွှေတောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)