သတင်းများ

ဘားအံမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများပွဲပြုလုပ်
Jul 13,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အနာဂတ်မျိုးဆက်သစ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးထားတတ်စေရန်နှင့် တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဘားအံခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ဘောင်စနစ်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲကျင်းပ
Jul 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးစိုက်ပျိုးရာတွင် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက ဘောင်စနစ်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြပွဲကို ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာရှိ တောင်သူဦးသန်းတင်၏ လယ်ယာမြေကွင်းအမှတ်(၁၇၅/B)၊ ဦးပိုင်(၂၀/က)လယ်ယာမြေဧက(၁၂)ဧကတွင် ကျင်းပပြုလုပ်သည်။
မော်လမြိုင်မြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ဆောင်ရွက်
Jul 13,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့ သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိ နားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန် လူငယ်စကားဝိုင်းကျင်းပ
Jul 13,2023
လူငယ်များအသိပညာဗဟုသုတရရှိစေရန်နှင့် လူအများရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးမေးမြန်းရဲသည့် အတွေ့အကြုံကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) အကောင်အထည်ဖော်နိုင်ရေး ကျေးရွာကော်မတီဝင်များအား သင်တန်းပို့ချ
Jul 13,2023
၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ်တွင် မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချောင်းဆုံ မြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများရေးဆွဲ၍ တစ်ရွာလျှင် နိုင်ငံတော်မှထောက်ပံ့ငွေ ကျပ်(၁၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ဇူလိုင်လ ၁၁ ရက်နေ့က မြို့နယ်(ကျေး/လက်)ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျေးရွာ(၅)ရွာမှ ကော်မတီဝင်များအား   သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
ဘားအံပညာရေးဒီဂရီကောလိပ်၌ ဘာသာစကားစွမ်းရည်ထက်မြတ်မှုဆိုင်ရာ စကားရည်လုပြိုင်ပွဲကျင်းပ
Jul 13,2023
နှုတ်မှုဆိုင်ရာပြောဆိုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဘားအံပညာရေးဒီဂရီကောလိပ်၊ မြန်မာစာဌာနမှကြီးမှူးကျင်းပသော ဘာသာစကားစွမ်းရည် ထက်မြတ်မှုဆိုင်ရာ စကားရည်လုပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင်(၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင်၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ခင်းကျင်းပြသခြင်းများကို နံရံကပ်စာစောင်၊ စာအုပ်များ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း ရွှေ​​မြကွင်းကျောင်းတွင် လှည့်လည်ဟောပြော ခင်းကျင်းပြသခဲ့ကြသည်။
ရွှေတောင်မြို့နယ် (အ.မ.က) ဝါးလည် အခြေခံပညာကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်း​​ဆေးကုဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။