ရေကြည်မြို့နယ်၌ ငါးရိက္ခာ ဖူလုံရေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Jul 13,2023
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၏ ဒေသအတွင်း ငါးရိက္ခာ ဖူလုံစေရေးအတွက် အင်းလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများမှ ဒေသအတွင်းရရှိသော ကုန်ကြမ်းများဖြင့် ငါးအစာပြုလုပ်ပြီး ငါးထုတ်လုပ်မှု တိုးတက်စေရေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။