သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်း ဆောင်ရွက်
Jul 13,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေး‌ ဟောပြောပွဲနှင့်၊ နံရံကပ် စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က သဖန်းချိုကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန် ၊လဲ၊ စစ် လိုက်လံဆောင်ရွက်
Jul 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် တိုက်နယ်ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ မိုင်းလုံမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်း သေဆေး (Abate)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ခန္တီရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ကြသည်။
ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေအရ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jul 13,2023
တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေအရ ရှင်းလင်းဆွေးနွေးပွဲရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်၌ ပြုလုပ်သည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျုံတိုင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်
Jul 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကျုံတိုင်ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးဇော်နိုင်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီမှူး ဦး‌‌ဇော်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jul 13,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်း ရင်းသားများနှင့် တွေ့ဆုံ
Jul 13,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လေရှီးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ကချင်ပြည်နယ်တွင် ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ကုန်ကြမ်းများဖြင့် One Region One Product အဖြစ် ခရိုင်အလိုက် အရည်အသွေးမြှင့်မားသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 13,2023
ကချင်ပြည်နယ်အတွင်း ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်ရှိရင်းစွဲ အရင်းအမြစ်ကုန်ကြမ်းများဖြင့် One Region One Product ထုတ်ကုန်လုပ်ငန်းများအဖြစ် သက်ဆိုင်ရာခရိုင်အလိုက် အရည်အသွေးမြင့်မားစွာ တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Jul 13,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက် နေ့၊ နံနက်ပိုင်းတွင် လေရှီးမြို့နယ်၊ ရေတောင်ကျေးရွာရှိ လှေကားထစ်လယ်ယာစနစ်ဖြင့် ကွင်းအမှတ် - OSS 3၊ ဦးပိုင်အမှတ် - ၁၁၃ တွင် တောင်သူ ဦးယားပေါ့ စိုက်ပျိုးထားသည့် မိုးစပါးပန်းတိုင်အထက်ထွက်ရှိရေးစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်းဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။