သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်မှုလုပ်ငန်းများအား ယမန်နေ့နံနက်(၁၀)နာရီ(၃၀)မိနစ်အချိန်က ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်
Jul 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ်  (၁)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့၊ အ.ထ.က(၁)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲ ကျင်းပ
Jul 13,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ဇူလိုင် ၃၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်ဥပဒေရုံးနှင့် ပူးပေါင်းပြီးယနေ့ နံနက်၁၁ နာရီအချိန် အ.ထ.က(၁)စာသင်ခန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာနယ်မြေ ကွင်းဆင်း စစ်ဆေးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်
Jul 13,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ နယ်မြေကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရုံးခန်းမတွင် ပြုလုပ်ရာ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်
Jul 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက(Biometric Data)အချက်အလက်စာရင်းကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို နောင်ချိုမြို့နယ်ခန်းမ၌ ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ရွာကြီးကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်း ဆောင်ရွက်
Jul 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက သတ္တအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည် ထုတ်ချေးခြင်းကို  ရွာကြီးကျေးရွာဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲပြုလုပ်
Jul 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန် အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ယနေ့ နံနက် (၉:၃၀) နာရီက ကျင်းပခဲ့ရာ ခရိုင်ပြန်ကြား‌ ရေးနှင့် ပြည်သူ့ ဆက်ဆံ‌ရေဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့ တွင် ရဲဝံ့စွာပြောဆိုသည့် အလေ့အထများရှိ လာစေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့ တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ် စေရန်၊ အမှား၊ အမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့လူငယ် စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောခဲ့သည်။
မတ္တရာမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆက်လက်ဆောင်ရွက်
Jul 13,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် ၂ နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။