သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်မှု လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးတွင်းကာလတွင် သဘာဝအလျောက် ထွက်ရှိသော မှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Jul 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများသည် မိုးတွင်းကာလတွင် တောင်ယာစိုက်ပျိုးခြံများနှင့် တောတောင်များအတွင်း၌ သဘာဝအလျောက် ထွက်ရှိသော ဒေသအခေါ် တောင်ပို့မှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးအောင်ချိန် တက်ရောက်
Jul 13,2023
မကွေးတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၃-၂၄)ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်စုစုခိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေး
Jul 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
နတ်တလင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Jul 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့်အလေ့အကျင့် ကောင်းများ၊ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီချိန်က အ.မ.က အေးငြိမ်းသာကျောင်း၌ ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထပ်ဆောင်းထိုးနှံ
Jul 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ကစတင်၍ ‌အသက် ၅ နှစ်ပြည့်ပြီး KG၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား First dose ၊ Second Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။
မိုင်း‌ငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (KG မှ Grade-5)ကျောင်းသား၊ ကျောင်းသူ (၂၂၇)ဦးအား ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး
Jul 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့် (KG မှ Grade-5) ကျောင်းသား၊ ကျောင်းသူ(၂၂၇)ဦးအား ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ကျောက်စိမ်း ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။