ညောင်တုန်း ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ နိုငံ့စီးပွားမြှင့်တင်ရေးရန်ပုံဖြင့်ဆောင်ရွက်မည့် လုပ်ငန်း ရှင်များ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြင့်တင်ရန်ပုံငွေအား SOPနှင့် အညီ လိုက်နာဆောင်ရွက်ရေး၊ တစ်ဧက (၁၀)တင်း ပိုမိုထွက်ရှိစေရေး၊ တောင်သူများလူမှုဘဝမြှင့်တင်စေရေး၊ စီးပွားတိုး တက်စေရေးတို့ကို လုပ်ငန်းရှင်များ၊ တောင်သူများနှင့်အတူ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ နိုငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းလည်ပတ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)