ကန်ကြီးထောင့် ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပစေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နေ့လည် (၁၁:၀၀) အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(ခွဲ)ဘဲဂရက်ကျောင်းသို့ သုတ၊ ရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ လာရောက်ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ ရွှေ့လျားစာကြည့်တိုက် လာရောက်ငှားရမ်းပေးရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝါမြင့်နှင့် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ကျောင်းသူများအား အသင်းဝင်ခြင်း၊ စာငှားခြင်း လုပ်ငန်းများတွင် ပူးပါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ငှားရမ်းစာအုပ်များအနဖြင့် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ပါရှိကြကြောင်း သိရသည်။ ငှားရမ်းပေးခဲ့သော စာအုပ်များအား (Mobile Library Bus) ဖြင့် ရက်သတ္တ နှစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်စနစ်ဖြင့် လာရောက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်(ပြန်/ဆက်)