အမ်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်

အမ်း ဇူလိုင် ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်း ပညာရတနာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး ဦးဝင်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးအရာရှိ ဦးစီးအရာရှိ ဦးစန်းဝင်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားခဲ့ပုံများကိုလည်းကောင်း၊ ထက်တန်းပြ ဆရာမကြီး ဒေါ်မြင့်ရီနှင့်အလယ် တန်းပြဆရာမ ဒေါ်ခင်စန်းမေတို့က အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်ကျေပွန်ခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များကိုလည်းကောင်း  အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)