ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိ လျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ စားပင်သီးပင်များ စိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်း အစား စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ခရမ်း၊ ပြောင်း၊ ရွှေဖရုံ၊ ချဉ် ပေါင်၊ ကန်စွန်း၊ ပန်းဂေါ်ဖီနှင့် နံနံပင်များကို အိမ်ဘေးပတ်ဝန်းကျင်ရှိ မြေလွတ် နေရာများတွင် စိုက်ပျိုးခြင်းနှင့် ကွမ်းခြံများတွင် ကြားညှပ်သီးနှံအဖြစ် ရောနှောစိုက် ပျိုးကြကြောင်း သိရသည်။
ရာသီပေါ် ဟင်းသီးဟင်းရွက်များဖြစ်သည့်အတွက် အချိန်တိုအတွင်း ခူးဆွတ်ရောင်းချနိုင်ပြီး ခရမ်းသီး ၃လုံး တစ်တွဲ (၁၀၀၀)ကျပ်၊ ပြောင်းဖူးအနု တစ်စည်း (၄၀၀)ကျပ်၊ ရွှေဖရုံအညွှန် တစ်စည်း (၃၀၀) ကျပ်၊ ချဉ်ပေါင်၊ ကန်စွန်းရွက်တစ်စီး(၂၀၀)ကျပ်၊ နံနံပင်တစ်စီး(၃၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ ရရှိရာ ထွက်ရှိသမျှ ဟင်းသီးဟင်းရွက်များကို အိမ်တွင်ရောင်းချခြင်း၊ လေညာနှင့် မဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေး၍ ရောင်းချခြင်းများ ပြုလုပ်လျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)