သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အခြခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့်အသိပညာပေးလုပ်ငန်းဆောင်ရွက်

သပိတ်ကျင်း ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝင်းမြတ်သူ၊ ကျေးလက် ကျန်းမာရေးဆရာမ ဒေါ်ဝင်းစန္ဒာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး (၆) လ ပြည့်ပြီး သူများအား ထပ်ဆောင်းထိုးနှံခြင်းနှင့် အသက် (၅) နှစ်ပြည့်၍ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံ ရသေးသော ကျောင်းသား၊​ ကျောင်းသူ (၁၅၆၄) ဦးအား ကာကွယ်ဆေးထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)၊သပိတ်ကျင်း