ရေကြည်မြို့နယ်၌ ငါးရိက္ခာ ဖူလုံရေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ရေကြည်  ဇူလိုင်  ၁၃

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၏ ဒေသအတွင်း ငါးရိက္ခာ ဖူလုံစေရေးအတွက် အင်းလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများမှ ဒေသအတွင်းရရှိသော ကုန်ကြမ်းများဖြင့် ငါးအစာပြုလုပ်ပြီး ငါးထုတ်လုပ်မှု တိုးတက်စေရေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က လုပ်ငန်းစီမံချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော အင်းလုပ်ငန်းရှင်များနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ သိလိုသည့် ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရေကြည်မြို့နယ်အတွင်းရှိ အင်းလုပ်ငန်းရှင်များနှင့် ငါးမွေးမြူရေးလုပ်ငန်းရှင် စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)