ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်

ကျောင်းကုန်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ယနေ့နံနက် ၈ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ် လ.ဝ.က ဦးစီးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ်လယ်စီ/စာရင်းအင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က အသီးသီး ပို့ချသင်ကြားပေးခဲ့ကြသည်။

အဆိုပါ မွမ်းမံသင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၃၅)ဦး၊ စာရေးဝန်ထမ်း (၃၅)ဦးနှင့် ရာအိမ်မှူး(၇၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ သိရှိလိုသည်တို့ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် သင်တန်းကို (၂)ရက်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)