သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြိုနယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Jul 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဇေယျသိဒ္ဓိ အားကစားကွင်းဖွင့်ပွဲနှင့် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jul 13,2023
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဇေယျသိဒ္ဓိအားကစားကွင်းဖွင့်ပွဲနှင့် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါကွင်းသစ်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိစစ်သည် မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
မိုင်းပန်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်များ တွေ့ဆုံဆွေးနွေး
Jul 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု၊ တာဆန်းကျေးရွာနေ ပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆွေးနွေးဟောပြောခြင်း အခမ်းအနားကို တာဆန်းကျေးရွာ ငွေသောင်ယံဦးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၌ မျိုးစေ့ချကိရိယာ(Dream Seeder)ဖြင့်မိုးစပါးလက်တွေ့စိုက်ပျိုးပြသပြီး မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်
Jul 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိတောင်သူများ စပါးစိုက်ပျိုးရာတွင် အချိန်ကုန်သက်သာပြီး လုပ်အားကုန်ကျမှုစရိတ်များသက်သာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီ ၃၀မိနစ်က ဧကရာဇ်ကျေးရွာ၊ ကွင်းအမှတ် (၅၀၇-က) ဦးပိုင်အမှတ်(၂၈) တောင်သူဒေါ်ချို၏ လယ်မြေဆယ်ဧကတွင် မှော်ဘီစပါးမျိုးအား မျိုးစေ့ချကိရိယာ(Dream Seeder)ဖြင့်
မိတ္ထီလာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲ ၊ ထူးချွန်ဆုနှင့် ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ
Jul 13,2023
မိတ္ထီလာတက္ကသိုလ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင် ဂုဏ်ပြုပွဲ၊ ထူးချွန်ဆုနှင့် ဆရာဆရာများနှင့် ဝန်ထမ်းများ၏ သားသမီး ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ပိတောက်မြိုင်စျေးအတွင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးလက်ကမ်းစာစောင်များ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက် ခြင်းနှင့် ကျန်းမာရေးလက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေခြင်းကို အမှတ်(၇)ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းရှိ ပိတောက်မြိုင်စျေးအတွင်းရှိ စျေးသူ၊စျေးသားများအား ယနေ့နံနက်(၉)နာရီ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကျွန်းစုမြို့တွင် အသက် (၅) နှစ် မှ (၁၈) နှစ် အထိ ကျောင်းသား/သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား/သူများအား ယနေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ကျွန်းစု ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။