နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မအူပင်     ဇူလိုင်    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်မှုလုပ်ငန်းများအား ယမန်နေ့နံနက်(၁၀)နာရီ(၃၀)မိနစ်အချိန်က ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးမှုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ(၈)ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းထုတ်ကုန်များ အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်း၊ မျိုးစေ့ထုတ်ဧက(၁၀၀)ဆောင်ရွက်ထားရှိမှုလုပ်ငန်း၊ အားမာန်လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ORO World ကုမ္ပဏီမှဆောင်ရွက်နေမှုလုပ်ငန်းများအား ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)