နောင်ချိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်

နောင်ချို ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက(Biometric Data)အချက်အလက်စာရင်းကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို နောင်ချိုမြို့နယ်ခန်းမ၌ ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (Biometric Data)အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇူလိုင်လ ၃ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်ကောက်ယူရန်ကျန်ရှိနေသည့်  ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူပြီး  (Database)တွင် သိမ်းဆည်းကာ  ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။     

(Biometric Data)အချက်အလက်စာရင်းကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဇူလိုင် ၁၂ ရက်နေ့ထိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း(၅၉၃)ဦး ထည့်သွင်းပြီးဖြစ်၍ ကျန်ရှိနေသူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။               

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)