နောင်ချို ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန် မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူလေးများ စာပေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ် စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံပြပုံပြင် ဖတ်ပြခြင်း၊ ပုံပြင်စာအုပ်များ ပေး၍ အချင်းချင်း လဲလှယ်ဖတ်စေခြင်း၊ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ် ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)