မတ္တရာ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် ၂ နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် ၂ လသားအရွယ်မှ အသက်၁နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြော သေရောဂါ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အသက် ၂ နှစ် အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ကျန်းမာရေးစစ်ဆေခြင်း၊ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသောရက်များ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)