ကော့သောင်း ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန် အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ယနေ့ နံနက် (၉:၃၀) နာရီက ကျင်းပခဲ့ရာ ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့ တွင် ရဲဝံ့စွာပြောဆိုသည့် အလေ့အထများရှိ လာစေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့ တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့လူငယ် စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအဖွဲအစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ အထက(၁) ကျောင်းမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်မှ Moderators အဖြစ် ပြုလုပ်ခဲ့ပြီး အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် ကျန်းမားရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည် များအား မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနအသီးသီးမှ ပြန်လည်ဖြေကြား၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)