သံတောင်ကြီးမြို့နယ် ရွာကြီးကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်း ဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက သတ္တအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည် ထုတ်ချေးခြင်းကို  ရွာကြီးကျေးရွာဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့်  ဝန်ထမ်းများက ရွာကြီးကျေးရွာတွင် မြစိမ်းရောင်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်း၊ ချေးငွေ လျှောက်လွှာများ စစ်ဆေးခြင်းများ စိစစ်ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၅၆)ဦးတို့အတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၉၀) သိန်းအား ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ