မန့်ဟီးရိုးမြို့ဒေသထွက် ခဝဲညွန့်များ ရောင်းအားကောင်း
Jul 13,2023
နွေရာသီအကုန် မိုးရာသီသို့ ရောက်ရှိပြီဖြစ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုး မြို့တွင် ဒေသထွက်ဟင်းသီးဟင်းရွက်များကို မိသားစုစားသောက်ရန်အပြင် အခြားသော မြို့နယ်များသို့ လက်လီလက်ကားတင်ပို့ရောင်းချရန်အတွက် စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး ပေါ်ဦး ပေါ်ဖျား ခဝဲညွန့်များသည်လည်း ရောင်းအားကောင်းလျက်ရှိပါသည်။