ရသေ့တောင် ဇူလိုင် ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ နယ်မြေကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရုံးခန်းမတွင် ပြုလုပ်ရာ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ရသေ့တောင် မြို့နယ်ရှိ မိုခါ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးရန်၊ ထောက်ပံပစ္စည်းများ ပြည်သူများလက်ဝယ် ရောက်ရှိခြင်း ရှိ/မရှိနှင့် လိုအပ်သည်များ စီစဥ်ဆောင်ရွက်ပေးရန် ပြန်လည်ထူထောင်ရေးဆိုင်ရာ နယ်မြေကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ရာ ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ သတ်မှတ်ထားသညိ့အဖွဲ့များအလိုက် ဆောင်ရွက်ရမည်များကို ရှင်းလင်းပြောကြား သည်။
သက်ဆိုင်ရာအဖွဲ့များအလိုက် နယ်မြေကွင်းဆင်းစစ်ဆေးမည့်အဖွဲ့ခေါင်းဆောင်များက အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)