သတင်းများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျောင်းသား/ ကျောင်းသူများ အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင်မာရေး  ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 14,2023
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကျင်းပ
Jul 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက အခြေခံ ပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 14,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာ ညီညီနိုင် မြန်မာပြန်ဆိုရေးသားထားသည့် “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ပုလောမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ /ပြိုင်ပွဲများ ပြုလုပ်
Jul 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမမောင်းမြို့၌ စာရေးဆရာများ ရေးသားထားသည့် တာဝန်သိစိတ် တာဝန်ယူစိတ် စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
Jul 14,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  စာရေးဆရာများ ရေးသားထားသော တာဝန်သိစိတ် တာဝန်ယူစိတ် စာအုပ်ဖြင့် ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့(Community Centre) ခန်းမတွင် “ခေါင်းဆောင်မှု အနုပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jul 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုမှတ်သားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ လူမှုဆက် ဆံရေးတို့တွင်များစွာအထောက်အကူပြုနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင် ရွက်တတ်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။
စလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် သီးနှံစုံ စမ်းသပ်ကွက်၊ စံပြကွက်၊ ဧကတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် သီးနှံစုံ၊ စမ်းသပ်ကွက်၊ ဧကတိုးချဲ့စိုက်ပျိုးခြင်းကို ဆောင်ရွက်မည့် တောင်သူများအား ပံ့ပိုးပစ္စည်းထောက်ပံ့​ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး မြို့မစင်တာ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။