ပုလော ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးမော်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူ ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာစောင်များလေ့လာဖတ်ရှု၍ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)