ကွတ်ခိုင်မြို့နယ် ဇေတဝန်ဘုန်းကြီးကျောင်းဝန်းအတွင်း အုတ်မြစ်ချမင်္ဂလာဆောင်ရွက်ပြီးစီး
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်ဘတ်ဂျက်ရန်ပုံငွေဖြင့် နမ့်ဖတ်ကာဒေသ လွယ်ကန်-မန်ဂျတ်ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာဇေတဝန်ဘုန်းကြီးကျောင်းဝန်းအတွင်း၌ အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၈:၃၀)အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။