သတင်းများ

ဟင်္သာတမြို့နယ်တွင် ပျားမွေးမြူရေး ပညာပေးသင်တန်းဖွင့်လှစ်
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ပျားမွေးမြူရေးပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ‌ပေး ဟောပြောပွဲနှင့် ဆုပေးပွဲကျင်းပ
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးများတွင် ပြိုင်ပွဲဝင် ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုပေးပွဲကို ယနေ့ နံနက်(၁၀)နာရီတွင် အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုခါ မုန်တိုင်းကြောင်း ပျက်စီးခဲ့သည့် ပေါက်တောမြို့ မြို့ဦးစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲကျင်းပ
Jul 14,2023
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါက်တောမြို့ မြို့ဦးစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
လဟယ်မြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျန်းမာရေးအသိပညာပေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောဆွေးနွေး
Jul 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျန်းမာရေးအသိပညာပေးဟောပြောခြင့်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် သာသနာ့ပါလဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ပါသည်။
ပေါက်တောမြို့နယ်၌ အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jul 14,2023
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ တောင်သူ ဦးထွန်းသာစိန်၏ လယ်၌ ယမန်နေ့ ညနေပိုင်းတွင် အထွက်ကောင်း မျိုးစပါး GW-11 စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ နယ်လှည့်လှုပ်ရှားစာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်
Jul 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျောင်းသား/သူများ အသိပညာပြန့်ပွားတိုးတက်‌စေရေးအတွက် အခြေခံပညာမူလတန်းကျောင်း(ညောင်ခမ်း)နှင့် (နောင်လုံ) ကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်လှုပ်ရှားစာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပုသိမ်မြို့၊ ​မြို့တော်ခန်းမ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းပြုလုပ်
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ (MSMEs) ထုတ်ကုန်ပြပွဲကိုဖွင့်လှစ် ပြသလျက်ရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုက တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ကလိန်အောင်မြို့တွင် ယိုးဒယားမျိုး ဒူးရင်းသီးများ အဝယ်လိုက်ပြီး ဈေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေ
Jul 14,2023
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် ယိုးဒယားမျိုး ဒူးရင်းသီးမှ ယခုအခါတွင် တခြားမြို့‌ကြီးများမှ လာရောက်ဝယ်ယူကြ၍ ဈေးကောင်းရရှိပြီး အဆင်ပြေကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။