လိပ်သို ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျောင်းသား/ ကျောင်းသူများ အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင်မာရေး ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်နိုးကြားလာစေရေး၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉)ဦး၏ အတ္တုပ္ပတ္တိများ၊ အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် မမေ့အပ်သည့် အမျိုးသားရေးတာဝန်အဖြစ် အမြဲအောက်မေ့သတိရပြီး ကျောင်းသားလူငယ်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်များကို အတုယူတတ်စေရေး၊ အာဇာနည်နေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မေ့ပျောက်မရနိုင်သော နေ့တစ်နေ့ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများ သိရှိစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏အတ္တုပ္ပတ္တိနှင့် နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို ပြသထားရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)