ပူတာအိုမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ကဗျာစပ် ပြိုင်ပွဲကျင်းပ
Jul 14,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူစိတ်များဖြစ် ပေါ်လာစေရန်၊ နိူင်ငံ၏ နေ့ထူးရက်မြတ်များဖြစ်ပေါ်လာပုံ အကြောင်းအရာများအား လူငယ်များ ပိုမိုသိရှိထားစေရန်နှင့် နိူင်ငံတော်အတွက် အားထားရမည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ကဗျာ စပ်ပြိုင်ပွဲကို ဇူလိုင် (၁၄) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။