လှည်းကူးမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် မြေသြဇာလက်တွေ့ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ
Jul 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေ များ တိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စိုက်ပျိုးရေးနည်းပညာပေး ခြင်းနှင့် မြေသြဇာလက်တွေ့ပြုလုပ်နည်း သင်တန်း ဆင်းပွဲကို ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၁ဝ နာရီက ကျင်းပပြုလုပ် သည်။