ဝန်းသို ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုမှတ်သားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ လူမှုဆက် ဆံရေးတို့တွင်များစွာအထောက်အကူပြုနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင် ရွက်တတ်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခွင်ကြည်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ စိန်လင်း၏ “ခေါင်းဆောင်မှု အနုပညာ” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဒေါ်သွင်ဇာဦး (ရုပ်သံကျွမ်းကျင်-၃)က “စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခက်မြတ်စိုး (စာကြည့်တိုက်လက်ထောက်-၃)က “ခေါင်းဆောင်မှုအနုပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်မြလှိုင် (အငယ်တန်းစာရေး)က “အချိန် စီမံခန့်ခွဲခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခွင်ကြည်က ဝန်ထမ်းများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ဖြည့်စွက်၍အပြန်အလှန်ပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး (Community Activities)များ အရှိန်အဟုန်မပျက် လှည်ပတ်ဆောင်ရွက်လျက်ရှိရာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)၊ အမျိုးသမီးအသင်း (Woman Club)နှင့် လူငယ်အသင်း(Youth Club)များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ သင်တန်း၊ (Talk Show)များကို လစဉ်ကျင်းပပြုလုပ်သည့်အပြင် Online မှတဆင့် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ထွန်းထွန်း