အ.ထ.က တနင်္သာရီတွင် အာဇာနည်နေ့အထိမ်းအမှတ် ဆုရစာစီစာကုံးများဖြင့် ဟောပြောပွဲပြုလုပ်
Jul 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က တနင်္သာရီကျောင်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ Grade-8 အတန်းမှ ကျောင်းသူ/ကျောင်းသား(၁၃၀)ဦးနှင့် Grade-9 အတန်းမှ ကျောင်းသူ/ကျောင်းသား(၁၅၀)ဦး စုစုပေါင်း ကျောင်းသူ/ ကျောင်းသား(၂၈၀)ဦး တက်ရောက်ကြသည်။