စလင်း ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် သီးနှံစုံ၊ စမ်းသပ်ကွက်၊ ဧကတိုးချဲ့စိုက်ပျိုးခြင်းကို ဆောင်ရွက်မည့် တောင်သူများအား ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး မြို့မစင်တာ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် တောင်သူများ နေရာဒေသအလိုက် မလိုလား သည့် သီးနှံများအတွက် အစားထိုး ဧကတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအတွက် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးရသည့်အတွက် တောင်သူများမှ အကျိုးရှိအောင် စိုက်ပျိုးကြရန် သွင်းအားစုပစ္စည်းများကို အကျိုးရှိအောင် အသုံးချပြီးစိုက်ပျိုး ကြရန် အထွက်နှုန်း ကောင်းမွန်အောင် စနစ်တကျစိုက်ပျိုးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လင်းမှ ဝါစိုက်ပျိုးရန်အတွက် ဝါမျိုးသေ့(၉၆)အိတ်၊ NC အန်စီကွန်ပေါင်းဓာတ်မြေသြဇာ (၄၄ အိတ်ခွဲ၊ ရွှေတောင်တန်း ဂျစ်ပဆန်သဘာဝကျောက်မှုန့် မြေသြဇာ(၄၇)အိတ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်သည့် ဓာတ်မြေသြဇာအိတ် (၃၂)အိတ်တို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ တက်ရောက်လာသည့် တောင်သူ (၃၀)ဦးတို့က တက်ရောက်လက်ခံရယူခဲ့ ကြောင်း သိရသည်။
(မောင်လွင်)စလင်း