မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

မြောင်းမြ ဇူလိုင် ၁၄

ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏အထိမ်အမှတ် နေ့ထူးနေ့မြတ်များကို သတိတရရှိစေရန်နှင့် စာပေဗဟုသုတများတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ပြီး သွက်လက်ထက်မြက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့်  ပြိုင်ပွဲပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အလယ်တန်းအဆင့်‌ကျောင်းသား/သူ(၂၀)ဦးတို့က စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ၊ ပြည်သူများ စာအုပ်စာပေချစ်မြတ်နိုးတက်လာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊စာဖတ်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)