ကာမိုင်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကာမိုင်း ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့(၁၆)ကုတင်ဆံ့ တိုက်နယ် ပြည်သူ့ဆေးရုံး၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာမိုင်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီ‌ရေး အသင်းအဖွဲ့ဝင်များ စုစုပေါင်း (၅၀)ဦးခန့် ဆောင်ရွက်ခဲ့ကြောင်း၊ သန့်ရှင်းရေး ဆောင်ရွက်ပြီးစီးပါက ကိုဗစ်-၁၉ရောဂါ ခံစားရသူများ ရှိလာလျှင် ယခုဆေးရုံ၌ ထားရှိသွားမည်ဖြစ်ကြောင်းနှင့် လုပ်အားပေးကူညီခဲ့ကြသူများကို နယ်မြေ ရဲစခန်းမှ လက္ဘက်ရည်၊ ခေါက်ဆွဲကြော်တို့ဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

ကာမိုင်း(ပြန်/ဆက်)