ကော့မှူး ဇူလိုင် ၁၄
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုလျော့ချနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းသွားလာ နေကြသူများ အနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိမရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းကို ယနေ့နံနက်ကမြို့မဈေးကြီးတွင် ဆောင်ရွက်နေကြောင်းသိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ၊ကျန်းမာရေးဌာန မှဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား အပူချိန်တိုင်းတာခြင်း ၊နှာခေါင်းစည်း Mask စနစ်တကျတင်ဆင်ကြရန် လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာဆေးကြောရန် အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Maskများအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အနှေးယာဉ်လုပ်သားများအား အပူချိန်တိုင်းတာပေးခြင်း နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေခြင်းနှင့် မြို့နယ်အတွင်းဖွင့်လှစ်ရောင်းချသော စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များ ပါဆယ် စနစ်ဖြင့်ရောင်းချ နေမှုအခြေအနေများအားလိုက်လံစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့် ပွားမှုမရှိ စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
ကျော်သူရ