ထားဝယ် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီဝင်များနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ သင့်တော်သောစျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် လတ်တလောအသက်ရှုလမ်းကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Mask ၊ Face Shield ၊ လက်သန့်ဆေးရည်များကို သင့်တော်သော စျေးနှုန်းမြှင့်ရောင်းချခြင်း ရှိ/မရှိ ၊ ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့် ညီမညီ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကော်မတီဝင်များ က ပြည်သူလူထု အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး ၊ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါး/ဆေးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်