ပေါက်ခေါင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများနှင့် သတ်မှတ်စင် တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နှင့် ယနေ့ နံနက်က ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၁၃) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရ သည်။
အဆိုပါ ကျန်းမာရေးကောင်းမွန်သူ (၁၃) ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ပြီး ထိုသူများကိုကျန်းမားရေးအသိပညာပေး စကားများ ပြောကြား ပေးခဲ့ပြီး လူမှုကူညီရေးအသင်းကားများဖြင့် နေအိမ်များ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၆၀) ဦးရှိပြီး ၊ဆေးရုံ ဆင်းခွင့်ရရှိသူ (၁၃ ) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။