ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၁၃၀) ဦးထပ်မံတိုးလာပြီး ရောဂါပိုးတွေ့လူနာ (၂၁၃)ဦး ဆေးရုံဆင်းခွင့်ရ

ပဲခူး ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်နှုန်းမြင့်မားလျက်ရှိရာ မနေ့ကအထိ ရောဂါရှာဖွေတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာ (၁၃၀) ဦးတွေ့ရှိပြီး ရောဂါပိုးတွေ့လူနာ (၂၁၃)ဦး ဆေးရုံဆင်းခွင့်ရပြီး သေဆုံးသူ(၂၃)ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ် အတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံ စင်တာများတွင်ထားရှိကာ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရသည်။

ပဲခူးမြို့နယ်အတွင်း Stay at Home အစီအစဉ်အရ ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

                 

မျိုးငြိမ်း