ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇၃) ဦး ဆေးရုံးမှဆင်းခွင့်ရ

ယင်းမာပင်   ဇူလိုင်  ၁၄

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာပေါင်း (၈၅) ဦးရှိပြီး ယနေ့တွင် ဆေးရုံးမှဆင်းခွင့်ရရှိသူ (၇၃) ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

 

ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၈၅)ဦး ရှိသည့်အနက် သေဆုံးသူ (၂) ဦး ရှိပြီး ယခင်က (၁၀) ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိထားပြီဖြစ်ကာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇၃) ဦး ဆေးရုံမှဆက်လက်ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

                            

စိုးမိုး(ယင်းမာပင်)