လောက်ကိုင်မြို့နယ်အတွင်း covid-19ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း ၁၆၇၀ ဦးရှိ

လောက်ကိုင် ဇူလိုင် ၁၅

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ယမန်နေ့အထိ COVID – 19 Positive လူနာ ကျား ၁၀၄၁ ဦး ၊ မ ၈၂၉ ဦး ၊ စုစုပေါင်း ၁၈၇၀ ဦးဖြစ်ပြီး လက်ရှိ ထိတွေ့ဆက်စပ်သူ ကျား ၄၅၆ ဦး ၊ မ ၅၀၇ ဦး၊ စုစုပေါင်း ၉၆၃ ဦးဖြစ်ကြောင်း ကျား ၄ ဦး ၊ မ ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း၊ ပိုးကင်းစင်၍ ပြန်လည်စေလွှတ်သူ (၃၈၆)ဦး ဖြစ်ကြောင်းသိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း Quarantine Centre positive တွေ့ရှိသူများကို မိုးလုံလေလုံအားကစားရုံ၊ ရန်လုံကျိုင်းလက်ဖက်ခြောက်စက်ရုံ၊ ရန်လုံကျိုင်းလူငယ်ပြုပြင် ရေးစခန်း၊ တောင်ညီနောင်ယာယီဆေးရုံ၊ အမှတ်−၁၊ ရပ်ကွက်စီးကရက်စက်ရုံ၊ နမ့်ဟူးထန် မြို့ဝင်ဂိတ်၊ BP - 125၊ ပြည်သူ့ဆေးရုံ၊ ထန်ဟွေ့ကုမ္ပဏီ၊ တဆ၇ (၁၄/၁၀၀) ဆေးရုံ၊ ဖူရှိန် ကုမ္ပဏီ၊ လူရီကုမ္ပဏီ၊ ယွီရှန်ကုမ္ပဏီ၊ နားလီကုမ္ပဏီနှင့် စိမ့်ယွင်ကုမ္ပဏီ စသည်များတွင် ထားရှိကြောင်းသိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ covid - 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များ လူမှုရေးကူညီမှုအသင်းများက တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း လောက်ကိုင်ဒေသအတွင်း ဖြစ်ပွားမှုနှုန်း ကူးစက်မှုနှုန်း နေ့စဉ်မြင့်တက်လျက်ရှိသဖြင့် နေ့စဉ်ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း သိရသည်။

နန်းမြမြ၀င်း