မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ Positive လူနာတစ်ဦး ထပ်မံတွေ့ရှိ

မိုးနဲ    ဇူလိုင်   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုက်ဖယ်ကျေးရွာ (ဟဲကေ) နေ အမျိုးသားတစ်ဦးသည် ယမန်နေ့နံနက်ပိုင်း က လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသွားရောက် စစ်ဆေးမှုခံယူရာတွင် (RDT) Test Kit ဖြင့် စစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉  Positive  ပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား နမ့်စန်ပြည်သူ့ဆေးရုံမှ မိုးနဲမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး ၎င်းနေအိမ်အား Stay at Home အဖြစ်သတ်မှတ်ထားရှိကာ  ၎င်းနှင့်ထိတွေခဲ့သူများအား မိုးနဲမြို့၊ နာဟောင်ရပ်ကွက်၊ အမှတ်(၈၃) မိုးကုတ်ဝိပဿနာရိပ်သာ Quarantine Center သို့ ပို့ဆောင်ပြီး စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်း သိရှိရပြီး ယနေ့အထိ မိုးနဲမြို့တွင် Positive လူနာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးအထိရှိလာပြီဖြစ်ကြောင်း မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)