အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာ အမျိုးသမီးနှစ်ဦးထံ က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာတွင် Facilities Quarantine Centre တွင် Quarantine ဝင်နေသူများအတွက် အလှူငွေများကို ယမန်နေ့ နံက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက မော်လိုက်-ပြောင်ဘုတ်ကားလမ်းဘေး မော်ကူးကြိုးဝိုင်း၊ အကွက်အမှတ်(၂၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့် နေရာများသို့ ယမန်နေ့က RDT Test Kit ဖြင့် နမ့်ဆန်မြို့နယ် လုံးဆိုင်ရာ တက်ကြွလူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ က စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း (၁၀) ဦးထိ ရှိလာကြောင်း သိရ သည်။
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကိုစစ်ဆေးရာတွင် (၁၄-၇-၂၀၂၁)ရက်နေ့တွင် (၁၆)ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ် -၁၉ ရောဂါပိုး (၃)ဦးတွေ့ရှိခဲ့သည်။
Jul 15,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။