ပန်လုံမြို့၌ Quarantine Centre ဝင်ရောက်နေသူများအား ထောက်ပံ့ပေးအပ်

ပန်လုံ  ဇူလိုင်  ၁၅

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန် က Quarantine  ဝင်ရောက်နေသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးရုံး (ဝန်ထမ်းအိမ်ရာ) တွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ ပြုလုပ်ခဲ့သည်။

 အဆိုပါ ထောက်ပံ့ပစ္စည်းများကို ရှေ့တန်းအမှတ် (၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ထိန် မှ တပ်မတော်(ကြည်း/ရေ/လေ) အရာရှိ စစ်သည်မိသားစုများ ကိုယ်စား Quarantine Centre တွင် ဝင်ရောက်နေသည့် ကျား(၁၃)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၅)ဦးတို့အား တန်ဖိုးငွေ (၁၈၇၅၀၀/-)ကျပ်ရှိ Mask၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ပဲကြာဇံနှင့်ရွှေဖီဦးလက်ဖက်ရည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများအား မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ က လက်ခံရယူခဲ့ကြပြီး Quarantine ဝင်ရောက်နေသူတစ်ဦးလျှင် ကြက်ဥ (၆)လုံး၊ ခေါက်ဆွဲ (၆)ထုပ်၊ ရွှေဖီဦး(၆)ထုပ်၊ လက်အိတ်(၂)စုံ၊ Mask (၂၀)ခု၊ အများသုံး လက်ဆေးရည် (၃)ဘူးနှင့် ပဲကြာဇံတို့ကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ပန်လုံ (ပြန်/ဆက်)