အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ယမန်နေ့က Rapid Diagnostic Antigen Test Kid (RDT) စစ်ဆေးချက်အရ သံဃာ(၂)ပါး အပါအဝင် ရန်ကုန်မြို့၊ မြိတ်မြို့များမှ ပြန်လာသူများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အပါအဝင် (၁၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှတဆင့် သိရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် လိုအပ်အပ်လျက်ရှိ သော ဝေဒနာရှင်များ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အောက်စီဂျင်စက် တည်ဆောက်ရန် အလှူရှင်းများက လှူဒါန်း လျက်ရှိကြောင်း သိရသည်။
Jul 15,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းထွန်း အား ကိုဗစ်-၁၉ ရောဂါနနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့ကြသည်။
Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ဗိုလ်လှဖေဆိပ်ကမ်းရှေ့ရှိ ရေပြင်တွင် သဘာဝဘေးအန္တရာယ် ရေပြင် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး များနှင့် ဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင် ရေးကို ယမန်နေ့က မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော် ကျေးရွာ မိုင်းရယ်သကြားစက်ရုံ(ရှန်တော်သကြားစက်)မှ အလုပ်သမား ၉ ဦးတို့တွင် ယမန်နေ့ က ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 15,2021
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့အနှံ့အပြားတွင် ပိုးသတ်ဆေးဖြန်းခြင်းကို ယမန်နေ့ ညနေပိုင်း က ဆောင်ရွက်သည်။
Jul 15,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် စားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်များအား စစ်ဆေးခြင်းကို မြို့စည်ပင် သာယာရေးအဖွဲ့တာဝန်ခံ ဦးစည်သူကျော် ဦးဆောင်၍ မြို့မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။