နတ်တလင်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအား ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နံနက ၆ နာရီမှ နေ့လယ် ၁ နာရီအထိ ရောင်းချခွင့်ပြုခြင်း၊ တာပွန်စျေးနှင့် အေးငြိမ်းသာ ပျံကျစျေးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သော်လည်း ယခုအခါ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိမှု ပိုမိုများပြားလာသည့်အတွက် မြို့မစျေး၊ တာပွန်စျေးနှင့် အေးငြိမ်းသာပျံကျစျေးများအား ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ယာယီ(၁၃)ရက် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
မြို့မစျေးအား ယာယီ(၁၃)ရက် ပိတ်ထားသည့်အချိန်ကာလအတွင်း စျေးဝန်းအတွင်း ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ပြီး ကုန်စိမ်း၊ ဟင်းသီး ဟင်းရွက် စျေးသည်များအား စျေးလမ်းနှင့် မင်းလမ်းတို့တွင် ပြောင်းရွှေ့ရောင်းချခြင်း၊ သားငါးရောင်းချ သည့် စျေးသည်များအနေဖြင့် ဘူတာရုံအနီး မီးရထားလမ်းဘေး မြေလွတ်နေရာတွင် ပြောင်းရွှေ့ရောင်းချခြင်း၊ တာပွန်စျေးတွင် ရောင်းချသူများနှင့် အေးငြိမ်းသာစျေးတွင် ရောင်းချသူများအနေဖြင့် မိုဘိုင်းစနစ်ဖြင့်သာ လှည့်လည်ရောင်းချရန် နေရာများ စီစဉ် ချထားပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထားထားဦး