ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာတစ်ဦးထပ်မံတွေ့ရှိ

ဟိုပန် ဇူလိုင် ၁၅

ဟိုပန်မြို့၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဈေးရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ်အမျိုးသား တစ်ဦးသည် ကိုဗစ်-၁၉ရောဂါလက္ခဏာသံသယတွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိတွေ့မိသူ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ကို ထပ်မံစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အသက်(၂၁)နှစ်အရွယ်အမျိုးသားအား ဟိုပန်မြို့နယ် ဆရာဝန် ကြီး၏ကြီးကြပ်မှုဖြင့် သီးခြားကုသပေးလျက်ရှိပြီး ရောဂါပိုးမတွေ့သူ(၂)ဦးကို Home Quarantine ထားရှိကာ ၎င်းတို့၏ ခရီးသွားရာဇဝင်နှင့် ထိတွေ့ဆက်စပ်သူများကို စစ်ဆေးလျက်ရှိသည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၂၉)ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ (၂၁)ဦးရှိပြီဖြစ် ကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)