ပဲခူးမြို့ ပြည်သူ့ဆေးရုံးကြီး၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများရှိ ကျန်းမာရေး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း

ပဲခူး ဇူလိုင် ၁၅
 
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီးသို့ သွာရောက်၍ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ သွာရောက်ထောက်ပံ့၍ အားပေးစကား ပြောကြားခဲ့သည်။
 
ရှေးဦးစွာ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ဆဲ Liquid Oxygen Plant အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာချုပ်ချုပ်ဆို တည်ဆောက်သည့် ကုမ္ပဏီ နှင့် အမြန်ဆုံးချိတ်ဆက်၍ ပြည်သူများအတွက် အမြန်ဆုံး အောက်စီဂျင် လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လိုအပ်သော ကုန်ကြမ်း ပစ္စည်းများ ကြိုတင်မှာယူတင်သွင်း သယ်ယူနိုင်ရေးတို့အား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
 
ထို့နောက် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး အစည်း အဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကုသပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာများတွင် Oxygen ပြတ်လပ်မှုမရှိစေရေး အခြား ပြည်နယ်/ တိုင်းဒေသ ကြီးများနှင့် ချိတ်ဆက်သယ်ဆောင်ခြင်း၊ Oxygen Plant ဝယ်ယူခြင်းများ အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဇူလိုင်လအတွင်း မိမိတို့တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ အောက်စီဂျင်အိုး အလုံး(၅၅၀) ဝယ်ယူ ထောက်ပံ့ဖြည့်ဆည်း ပေးခဲ့ပြီးဖြစ်သလို ဒုတိယအကြိမ်အနေဖြင့် အောက်စီဂျင်အိုး အလုံးရေ (၄၀၀)အား မှာယူထားပြီးဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ကျန်းမာရေးဝန်ထမ်းများသည် အဓိကရှေ့တန်းတိုက်စစ်မှူးများဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း စိတ်ဓါတ်ဖြင့် တာဝန်သိသိ ထမ်းဆောင်ပေးနေမှုအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ပဲခူးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား ထပ်မံထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံ၌ တာဝန်ထမ်းဆောင်နေ သည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်(၁၀)အိတ်၊ ဆီငါးပိဿာ(၅)ပုံး၊ ကြက်ဥ(၃၅)ကတ်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်များနှင့် ငွေကျပ်(၁၅)သိန်း ထောက်ပံ့ပေးခဲ့သည်။
 
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ GTI ကျောင်း၌ တည်ဆောက်ပြီးစီးသည့် လူနာ(၈၈၀)ဦးဆံ့ ကိုဗစ်-၁၉ ရောဂါ ကုသရေး ဆောင်များအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
 
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း လုပ်ငန်းများအား မြို့နယ် (၂၈) မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်စေရေးနှင့် အပြင် ထွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက်များ အတိုင်း လိုက်နာမှုရှိစေရေး ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
 
ဝဏ္ဏမောင်